ဆရာမြစ်ကျိုးအင်း၏ မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ ဝတ္ထုတိုစုကို ဖတ်ဖြစ်သည်။ ဝတ္ထုတို ၁၆ ပုဒ်ပါဝင်ပါတယ်။ အခုစာအုပ်လေးမှာ ဆရာ့ရဲ့ လက်ရာတွေကို တစ်စုတစ်စည်းတည်း ဖတ်ခွင့်ရသည်။ ဝတ္ထုတိုသည် ဝတ္ထုရှည် မဟုတ်သဖြင့်လည်း အသေးစိတ် အနုတစိတ်ရေးဖွဲ့ရန်မရှိ။ အကွက်ကျကျစီစဉ်ပြင်ဆင်ထားသည့် ဝတ္ထုရှည်နှင့် ခြားနားသည်။